မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နွေနှမ်းသီးနှံအား ဘောင်ကြီးတင်စနစ်ဖြင့် သရုပ်ပြ စမ်းသပ်စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ထနောင်းတောကျေးရွာအုပ်စု တောဘိုကုန်းကျေးရွာရှိ တောင်သူ ဦးစံမောင်၏လယ်မြေ၌ နွေနှမ်းသီးနှံအဖြစ် (ဂျပန်ဖြူ)နှမ်းမျိုးအား ဘောင်ကြီးတင်စနစ်ဖြင့် သရုပ်ပြစမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က (ကျောင်းသစ်)၌ ပြုလုပ်သည်။

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ မူလတန်းလွန်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြက်ဥနှင့် နွားနို့အာဟာရများ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

မင်းလှမြို့နယ် စစ်ကွင်း-သာယာကုန်း‌ ကျေးရွာချင်းဆက် လမ်း‌ဘေးဝဲယာတွင် စုပေါင်းသစ်ပင် စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် မိုးရာသီတွင် ကျေးရွာချင်းဆက်လမ်းများ၌ သီးပင်စားပင်များစိုက်ပျိုးနိုင်ရန် လမ်းညွှန်ချက်အရ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် စု‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက စစ်ကွင်း- သာယာကုန်း ကျေးရွာချင်းဆက် လမ်းဘေးဝဲယာတွင် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ညောင်ဝိုင်းရပ်ကွက် အခြေခံပညာမူလတန်း(လွန်) ကျောင်းတွင် ပြုလုပ်ကျင်းပခဲ့သည်။

မိုင်းစံမြို့ ဝမ်လီ(မူလွန်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ဝမ်လီ (မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက် အလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။

ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကွင်းဆင်း ငှားရမ်းပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် နယ်လှည့်သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အေးချမ်းသာယာရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ကျောင်းနှင့် မွန်းလွဲပိုင်းတွင် အရှေ့ဘက်ကမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ဝေါအရှေ့)ကျောင်းတို့တွင် ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးကြောင်း သိရသည်။

ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေး ညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည်အသွေး ရလာဒ်များအား ထုတ်ပြန်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ရေအရည်အသွေးတိုင်းတာမှုရလာဒ်များကို လစဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
Subscribe to