ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club၊ Youth club၊ Woman Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club၊ Youth club၊ Woman Club)တို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမခင်စောတင့်ရေးသားသော “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။