စလင်းမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်(၂၅၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် နှစ်ပြည်နှုန်းအိမ်ထောင်စု (၉၀၀) ကျော်စာ ရောင်းချပေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက်ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း စလင်းမြို့ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။