ညောင်ရွှေမြို့နယ် ရေပယ်ထက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇွန် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ရုံးသည် ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာ ကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နယ်လှည့်စာအုပ်စာစောင်ပြပွဲ ဆောက်ရွက်ခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ်၊  ရေပယ်ထက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲလှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လူငယ်အသိပညာပေးဟောပြောပွဲတွင် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီက စာကြည့်တိုက်နှင့် ကျောင်းသားလူငယ်လေးများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်စီစီစိန်က ပညာရေးဌာနနှင့် ကျောင်းစာကြည့်တိုက်များ အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှု ဆောင်ရွက်ရခြင်း ရည်ရွယ်ချက် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးအကြောင်း သိကောင်းစရာများကိုလည်း ကောင်း အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများအတွက် လူငယ်အသိပညာပေး ပြပွဲခင်းကျင်းပြသပေးခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စိုင်းအယ်ဘဲ