ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပ

ရွှေကျင်  ဇွန်  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ညောင်ဝိုင်းရပ်ကွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ကျင်းပပြုုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဟိန်းမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမျိုးငြိမ်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် ထူးချွန်ထက်မြက်သူများဖြစ်လာစေရန်ရည်ရွယ်၍ သိသင့်သိထိုက်သည့် မူးယစ်ဆေးဝါးအ‌အကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများအား ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများအား အသိပညာဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် က‌လေးအလုပ်သမား‌ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)