သထုံမြို့နယ် ပေါ်တော်မူကျေးရွာ မူလတန်းလွန်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေး

သထုံ ဇွန် ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြက်ဥနှင့် နွားနို့အာဟာရများ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဟောပြောပွဲတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် တာဝန်ရှိသူတို့က ခွေးရူးရောဂါ၏ လက္ခဏာများ၊ ရောဂါကူးစက်ပျံ့နှံ့ပုံများ၊ ကာကွယ်ရန်နည်းလမ်းများစသည့် ခွေးရူးရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ အာဟာရပြည့်ဝစေရေးအတွက် နို့ပေါင်းစက်အခြေပြု နို့စားနွား‌မွေးမြူရေးအဖွဲ့နှင့် မြန်မာစီပီကုမ္ပဏီတို့မှ ပူးပေါင်းလှူဒါန်းသည့် နွားနို့နှင့် ကြက်ဥတို့ကို လိုက်လံတိုက်ကျွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်