ရေတာရှည် ဇွန် ၁၄
ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက် အလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သော်ဇင်အောင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပြီး ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည့် စက္ကူပြဇာတ်ဖြင့် ပုံပြင်ပြောခြင်းများ ဆောင်ရွက်သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နည်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ စသည့် နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)