ပုဗ္ဗသီရိ ဇွန် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမှတ်(၂၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ ရွာသစ်ကျေးရွာအမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်မြင့်ရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး ရွာသစ်ကျေးရွာ အမှတ်(၂၁)အခြေခံပညာအထက်တန်းကျောင်းမှ မောင်အောင်သူရဦး (Grade-11) က လူငယ်နှင့် စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စိုးဝေဖြိုး (Grade-11)က စာရိတ္တမာန ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်အောင်အောင်ဖြိုး(Grade-11)က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဘုန်းနန္ဒထွန်း (Grade-11)က ရိုးဖြောင့်မှုအရင်းအမြစ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကောင်းထက်သာ(Grade-11)ကကိုယ်ချင်းစာမင်္ဂလာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းကပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။
သန်းသန်းနွယ် (ပုဗ္ဗ)