တပ်ကုန်းမြို့နယ် အခြေခံပညာကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာ ပေး ဟောပြောပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်အတွင်းရှိ ဆေးဂိုဒေါင်များနှင့်ဆေးဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား လိုက်လံကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆေးဂိုဒေါင်များနှင့် ဆေးဆိုင်ကြီးများတွင် ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းထက်မြင့်တက် ရောင်းချမှုရှိ/မရှိ၊ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်ကြီးများအား ဆန်စျေးနှုန်းများ မြင့်တက်ချိန်တွင် ရောင်းချရန် သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို ယနေ့နံနက်(၉)နာရီအချိန်က လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး​နေ့အထိမ်း အမှတ်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျ၊ အမိုးလန်‌ နေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်က မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျ၊ အမှတ်(၃)ရပ်ကွက်တွင် အမိုးလန်နေအိမ်(၁)လုံး၊ ရုံးပင်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် အမိုးလန် နေအိမ်(၁)လုံးတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွန်ပျူတာအခြေခံ(ရက်တို)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်

ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွန်ပျူတာအခြေခံ ( ရက်တို ) သင်တန်း အမှတ်စဉ် ( ၁/၂၀၂၄ ) သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၄ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအတွင်းရှိ ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အား မြို့နယ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ချောင်းသာမြို့၌ (၃၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်(အကြို) ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ (၃၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အ.မ.က(၈) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ အမဲ၊ ဝက်၊ ဆိတ်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိဈေးများ၌ အမဲ၊ ဝက်၊ ဆိတ်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့မစည်ပင်သာယာဈေးနှင့် ဒါးကမြို့မဈေးသို့သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အ.မ.က(၈)ချောင်းသာ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မိုးရာသီတွင်အဖြစ်များသည့်  သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် အသိပညာပေး ဟောပြောပွဲနှင့် ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် ချောင်းသာမြို့တိုက်နယ်ကျန်းမာ‌ရေးဌာနကဦးဆောင်ပြီး ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။

ကော့သောင်းနယ်စပ်ကုန်သွယ်ရေး ရေထွက်ကုန်ပစ္စည်း တိုးမြှင့်တင်ပို့နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ရေထွက်ပစ္စည်းအဓိက ပြည်ပသို့တင်ပို့လျက်ရှိသော စခန်းတစ်ခုဖြစ်၍  နှစ်စဉ်ရေထွက်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လအလိုက်တင်ပို့ရန် လျာထားမှုများအား ပြည့်မီနိုင်ရေးလက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၇ ခန့်က ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကော့သောင်း FOB စစ်ဆေးရေးစခန်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to