မိုင်းစံ ဇွန် ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ဝမ်လီ (မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန် သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာများကိုဖတ်ကြရန် စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူး အကြောင်းအရာများကို သိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်ကေသွယ်စိုးမှ ကျောင်းသား၊ ကျောင်းသူများအား "သစ္စာရှိသောသူငယ်ချင်း" ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ရုပ်သံကျွမ်းကျင်-၃ ဦးစိုင်းလှိုင်းနှင့် အငယ်တန်းစာရေး ဦးစိုင်းခးလှိုင်းတို့မှ ရုပ်ပြစာအုပ်နှင့် ပုံပြင်စာအုပ်များပါ အကြောင်းအရာများအား ရှမ်းဘာသာစကားဖြင့် အသိပညာပေးဟောပြောခဲ့သည်။
မိုင်းစံ (ပြန်/ဆက်)