မင်းလှမြို့နယ် စစ်ကွင်း-သာယာကုန်း‌ ကျေးရွာချင်းဆက် လမ်း‌ဘေးဝဲယာတွင် စုပေါင်းသစ်ပင် စိုက်ပျိုး

မင်းလှ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်ဖြစ်သည့် မိုးရာသီတွင် ကျေးရွာချင်းဆက်လမ်းများ၌ သီးပင်စားပင်များစိုက်ပျိုးနိုင်ရန် လမ်းညွှန်ချက်အရ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့တွင် စု‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက စစ်ကွင်း- သာယာကုန်း ကျေးရွာချင်းဆက် လမ်းဘေးဝဲယာတွင် စုပေါင်းသစ်ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းတွင် စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူး ဦးကြည်သာက ပျိုးပင်များအား သစ်ပင်စိုက်ပျိုးမည့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများစုပေါင်း၍ သီးပင်စားပင် ဒန့်ဒလွန်၊‌ ကြောင်လျှာ၊ ပေါက်ပန်းဖြူ (၅၀)ပင်နှင့် အရိပ်ရပင် ခရေ၊ မဟော်ဂနီ၊ စိန်ပန်း၊ ဗန်ဒါ (၁၀၀)ပင် စုစုပေါင်း အပင် (၁၅၀)ပင်တို့အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။  

ပေါက်စ(မင်းလှ)