မူဆယ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်

မူဆယ် ဇွန် ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း များကို  ယမန်နေ့ နေ့လယ်(၂)နာရီက  ပြုလုပ်သည်။

စာဖတ်ရှိန်မြှင့်တင်ရေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူးက စာကြည့်တိုက်နှင့်ပတ်သက်သည့် Activity များ ဆောင်ရွက်မှုများ DLMS စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေမှုအခြေအနေများ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ ဆွေးနွေးပါသည်။ ဆက်လက်ပြီး တတ်ရောက်လာသည့် စာပေချစ်သူများက စာပေဆိုင်ရာအကြောင်းအရာများကိုဆွေးနွေးကြသည်။ ထို့ပြင် ခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်/စာစောင်များကို လေ့လာကြည့်ရှုကြကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)