ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်း၏ (၂၂) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်း၏ (၂၂) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။