စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဦးတင်ထွဋ် တပ်ကုန်းမြို့နယ် နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ

တပ်ကုန်း ဇွန်း ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဦးတင်ထွဋ်နှင့်တောင်သူများတွေ့ဆုံခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၃၁၉)၊ တောင်သူဦးတင်ထွန်းအောင်၏ နွေစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးမှူး ဦးကျော်သူရှိန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူ ၂၀ ဦး တက်ရောက်ခဲ့ပြီး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းညွန့်က နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များလမ်းညွှန်မှာကြားကာ နွေစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း  သိရသည်။

တင်စိုးလွင်