စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော် အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုးမိုတယ်”ဖွင့်ပွဲ အခမ်းအနား ကျင်းပ

မုံရွာ  ဇွန် ၁၅

စစ်ကိုင်းတောင်ရိုးရှိ ဘုရား၊ စေတီပုထိုးများသို့ လာရောက်ဖူးမြော်ကြမည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ အဆင်ပြေစွာတည်းခိုနိုင်ရေးအတွက် ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး သာသနာ့ဗိမာန်တော်အောက်ထပ်တွင် ဆောင်ရွက်ထားသည့် “ရွှေတောင်ရိုး မိုတယ်” ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီး မုဒ်ဦးရှေ့တွင်ကျင်းပရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးက “ရွှေတောင်ရိုးမိုတယ်” ဖွင့်လှစ်သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ရွှေတောင်ရိုး မိုတယ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများနှင့်အတူ “ရွှေတောင်ရိုးမိုတယ်” ဆိုင်းဘုတ်အား အမွှေးနံ့သာ ရေများ ပတ်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ ရွှေတောင်ရိုးမိုတယ်အတွင်း လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့တွင် စစ်ကိုင်းတောင်ရိုး တောင်တက်လမ်းအခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အပိုင်း ၁ အရှည်- ၃၆၀၀ ပေ၊ အကျယ် - ၃၆ ပေ၊  ၃ လက်မ ခွဲထု၊ အပိုင်း ၂ အရှည်- ၄၀၀၀ ပေ၊ အကျယ် - ၃၂ ပေ၊ ၃ လက်မခွဲထုနှင့် အပိုင်း ၃ အရှည်- ၃၃၀၀ ပေ၊ အကျယ် - ၃၂ ပေ၊  ၃ လက်မခွဲထု နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တရာခင်းကျင်းနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၃ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနှင့် တိုင်းဒေသ ကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ရွှေမင်းဝံဒိုင်း အလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ မဟာယူနိက်တက်အသင်းမှ စစ်ကိုင်းယူနိုက်တက်အသင်းအား အနိုင်ရရှိသွားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပွဲစဉ်တစ်လျှောက်အကောင်းဆုံးဆုရရှိသည့် အားကစားသမားအား ဂုဏ်ပြုချီးမြှင့်ငွေအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မဟာယူနိက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းများမှ အုပ်ချုပ်သူများထံ လာ ရောက်ယှဉ်ပြိုင်မှုခရီးစရိတ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)