တကောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍  “လူငယ်နှင့် ဘဝရည်မှန်း ချက်ပန်းတိုင်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို  စက်တင်ဘာ၂၂ရက်နေ့ မွန်းလွှဲပိုင်းက လူထုအခြေပြု ဗဟိုဌာန( Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စုဝင်များအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှ ရေဘေးသင့်ကျေးရွာများအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာထောက်ပံ့ငွေများကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

အ.ထ.က မိုင်းနောင်ကျောင်းတွင် အသက်(၁၂)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်၊ မိုင်းနောင်နယ်မြေ အသက်(၁၂)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းရှူးမြို့နယ်တွင် (Mobile Library) စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library) စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်း‌ပေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ငှားရမ်း‌ပေးခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဝါသနာတူ(Club) အဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ဝါသနာတူ (Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် လူငယ်နှင့် ကျန်းမာရေး Talk Show ကျင်းပ

စစ်ကိုင်းခရိုင် ပြန်/ဆက်ရုံးတွင် လူငယ်နှင့် ကျန်းမာရေး Talk Show ကျင်းပ စစ်ကိုင်း စက်တင်ဘာ ၂၂ မြို့နယ် (ပြန်/ဆက်)
Subscribe to