ကန့်ဘလူ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကာယဉာဏ စွမ်းရည်များ ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများတိုးတက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မူလွန်(၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးက ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်ဆို၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်ကြပြီး ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)