ဇေယျာသီရိ ဇွန် ၁၅
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း “ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး သိုက်ချောင်းလမ်းဆုံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုးနှင့် ဦးဟန်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်းနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့်အကြောင်း “ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်း ကောက်ကြစို့” အသိပညာပေးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။ ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လက်ကမ်းစာစောင်များနှင့် လှုံ့ဆော်ရေး အထောက်အကူပစ္စည်းများ ဖြန့်ဝေပေးခဲ့သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲ အကောင် အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းကဏန်း အချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စက်တင်ဘာ ၃၀ ရက် ည ၁၂ နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)