မြောက်ဥက္ကလာပမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် ပုဂံလမ်းမပေါ်ရှိ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းခွဲ မြတ်ပညာခန်းမတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီခွဲ ယာဥ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဆောင်ရွက်ခဲ့သည်။