ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေးသင်တန်းဆင်းပွဲကျင်းပ

ရွှေတောင်  ဇွန်  ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဇီးကုန်းကြီးကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  စိုက်ပျိုးရေးနှင့် မွေးမြူရေး ပညာပေးသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ပံ့ပိုးကူညီပေးနေမှု အခြေအနေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ မိုးစပါးစိုက်ပျိုးရာတွင် သက်တမ်းတို အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ အစေ့ချစနစ်၊ ပျိုးထောင်စနစ်၊ ကောက်စိုက်စက်များ၊အစေ့ချကိရိယာများ အသုံးပြု စိုက်ပျိုးရေးနှင့် ကြဲခင်းများ လုံးဝ (လုံးဝ) မပြုလုပ်စေရေးတို့အား ဆွေးနွေးခဲ့ပြီး သင်တန်းတွင် ဆုရရှိသူများအားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝါးတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန်/ဆက်)