သီတဂူကေတုမတီအာယုဒါနဆေးရုံတော်သို့ အလှူငွေ ကျပ်သိန်း (၂၀၀) လှူဒါန်း

တောင်ငူ ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကေုတုမတီမြို့သစ်၊ သီတဂူကေတုမတီအာယုဒါနဆေးရုံရှိ မျက်စိခွဲစိတ်ခံယူလျက်ရှိသော သံဃာတော်များနှင့် မျက်စိဝေဒနာရှင်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ တပ်နယ်ရှိအရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့နံနက်ပိုင်းက  အလှူငွေကျပ်သိန်း (၂၀၀) လှူဒါန်းသည်။

ရှေးဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့်ဇနီး၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် တပ်နယ်မှ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင်တိက္ခသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အလှူငွေကျပ်သိန်း (၂၀၀)ကို လှူဒါန်းသည်။

ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် တပ်နယ်မှစစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မျက်စိစမ်းသပ်ခန်း၊ မျက်စိခွဲစိတ်ခန်းဝင်မည့် သံဃာတော်များနှင့် ဝေဒနာရှင်များ၊ မျက်စိခွဲစိတ်ပြီး သံဃာတော်များနှင့် လူနာများအား ကြည့်ရှုအား​ပေးခဲ့သည်။

အဆိုပါ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်တွင် ဇွန် ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ရက်လျှင် (၁၇၀)ဦးခန့်ဖြင့်  မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားဆရာဝန်များ၊ ပါရဂူများနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ်စစ်ဆေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များခြစ်ထုတ်ခြင်းနှင့် မျက်လုံးအစားထိုးကုသခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)