တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီး ဇွန် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် အဖျောက်မြို့ရှိ ဒေသခံပြည်သူများအား  ယမန်နေ့ နံနက် ၉ နာရီတွင်  အမှတ်(၁၄)စစ်မြေပြင်ဆေးတပ်ရင်းမှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မိုးကုလားကျေးရွာအုပ်စု ပေပင်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် ကုသပေးခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ပါရဂူ ဗိုလ်မှူးမောင်မျိုးဦးဆောင်သော တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့ ၊ အထွေထွေသမားတော်၊ ခွဲစိတ်အထူးကုပါရဂူ၊ ဓါတ်မှန်ပါရဂူနှင့် အထွေထွေရောဂါအထူးကုဆရာဝန်တို့မှ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက်သည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်   တိုက်ကြီးတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်၊ အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)