ပေါင် ဇွန် ၁၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရွှေအထွေထွေစီးပွားရေးလုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲကို ဇွန်လ ၁၃ ရက်နေ့ညနေ ၃ နာရီက မြို့နယ်သမဝါယမ အသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးရှိုန်းမောင်မောင်က အသင်းသားများသို့ ချေးငွေလုပ်ငန်းအပြင် အရစ်ကျကုန်ကြွေးစနစ်ဖြင့် ရောင်းချပေးသည့်လုပ်ငန်းကိုပါ ဆောင်ရွက်ခဲ့သဖြင့် အသင်းမှာအောင်မြင်မှုထိုက်သင့်သလောက်ရရှိခဲ့သည်။ အသင်းသားများကလည်း သစ္စာရှိရှိ လက်တွဲလုပ်ကိုင်ပေးသည့်အတွက် အသင်းအောင်မြင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းယုက ယခုရွေးချယ်ထားသည့် အမှုဆောင်အသစ်တွေက ယခင်အမှုဆောင်အဖွဲ့တွေလိုပဲ လုပ်ငန်းတာဝန်တွေကို ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး အသင်းအမြတ် ငွေ (၁၇၇၃၀၀၇ိ/-)ကျပ်အား အသင်းသားတစ်ဦးလျှင် (၃၅၀ဝိ/-)ကျပ်နှုန်းဖြင့် အသင်းသား (၅၀၅) ဦး အားထုတ်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)