ဒဂုံတောင် ဇွန် ၁၅
လူငယ်များ ဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုတများတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ အားကစားပစ္စည်းနှင့်စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၂၆ ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၂) ဒေါက်တာရွှေပြည်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များဗငါးတန်ပြည့်စုံဖို့လိုအပ်ကြောင်း၊ ဗလငါးတန်တွင်အရေးကြီးဆုံးသော စာရိတ္တမဏ္ဏိုင် ကြံ့ခိုင်ဖို့အရေးကြီးကြောင်း၊ နိုင်ငံတော်ကအားထားရတဲ့ ဘက်စုံထူးချွန်ထက်မြက်တဲ့ ကျောင်းသားများဖြစ်အောင် ကျိုးစားကြဖို့လို့ကြောင်း၊နိုင်ငံတော်ကလည်း အလေးထားအားပေးဆောင်ရွက်နေပါ ကြောင်း စသည်များ လမ်းညွှန်ဆွေးနွေးဟောပြောသည်။
ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များပြောကြားကာ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ သက်ဝေမောင်က မူးယစ် ဆေးဝါးသုံးစွဲရခြင်းအကြောင်းများ၊ ရှောင်ရှားစေရန်များကို ဖြစ်ရပ်မှန်အကြောင်းအရာများဖြင့် အသိပညာပေး ဟောပြောဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)နှင့် မြို့နယ်အားကစားမှူး တို့ကစာအုပ်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ အမှတ်(၃) အအခြေခံပညာ အထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ဌေးနှင့် ကျောင်းသားလေးများက လက်ခံရယူသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၂၀၀)ဦးခန့် တက်ရောက်ကြကြောင်းနှင့် တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
သန်းသန်းအေး