ဓနုဖြူ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့အဝင်အထွက် ဘုရားလမ်းထိပ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဟိန်းထက်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ ဒုရဲမှူး အောင်ဌေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်-ဟင်္သာတကားလမ်းမတွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဥ်များအား မူးယစ်ဆေးဝါးများနှင့် တရားမဝင်ကုန်ပစ္စည်းများအား လျှို့ဝှက်သယ်ဆောင်လာခြင်း ရှိ/မရှိ၊ ရှောင်တခင်ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်း၊ မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှုလျော့နည်းကျဆင်းပပျောက်စေရေးအတွက် ယာဥ်မောင်းသူများအား လိုက်နာရမည့်စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)