ရွှေပြည်သာမြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် ယာယီ‌ရွှေ့ပြောင်းနေထိုင်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ရွှေပြည်သာ ဇွန်  ၁၆

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦး‌သောင်းမိုးနှင့် ဝန်ထမ်းများလိုက်ပါလျက် အမှတ်(၂၇)ရပ်ကွက်‌(လှော်ကား)ရှိ ယာယီရွှေ့ပြောင်းနေထိုင်သူမိဘပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသောင်းမိုးနှင့် အမှတ်(၂၇)ရပ်ကွက်(လှော်ကား)အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန်းတို့က သွားရောက်ကြည့်ရူ၍ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)