ဝေါမြို့နယ်၌ စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး၊ ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရေး စပါမျိုးစေ့ချကိရိယာ 8 Rows Seeder ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ဝေါ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဇွန်လ ၁၄ ရက်နေ့ နံနက် ၉ နာရီက စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး၊ ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရေး စပါမျိုးစေ့ချကိရိယာ 8 Rows Seeder ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုက မြို့နယ်စိုက်ပျိုမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး၊ ကြဲခင်းစနစ်မှ တိုက်ရိုက်အစေ့ချစိုက်ပျိုးနိုင်ရေး စပါမျိုးစေ့ချကိရိယာ 8 Rows Seeder ပေးအပ်ရခြင်းနှင့် တောင်သူများ သဘာဝဘေးများအပေါ်အခြေခံပြီး ရာသီဥတု၊ ပိုးမွှားရောဂါဒဏ်ခံနိုင်သည့် အထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန်လိုအပ်သလို အသိပညာပေးခြင်းများလည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစနစ်တကျသုံးစွဲရန်လိုအပ်ပြီး တစ်ဧက သတ်မှတ်ကောက်ကွက်/အပင်ရေ ပြည့်မီရန် လိုအပ်ကြောင်း၊ တောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးနည်းစနစ်ကို ပြောင်းလဲပေးခြင်းအပြင် တောင်သူလက်ဝယ်ရှိ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသော မျိုးများအား အထွက်နှုန်းကောင်းပြီး သက်တမ်းတိုသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲပေးရန်လိုအပ်ကြောင်း၊ တန်ဖိုးနည်းကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေရရှိရေးအတွက် လိုအပ်သည်များ ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ လမ်းညွန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းဆွေနွေးခဲ့ပြီး drum seeder အလက် (၂၀) ထောက့်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)