ချမ်းအေးသာစံ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ယန္တရား)ဝင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုများ အတူတကွ တက်ရောက်စိုက်ပျိုးကြသည်။
ဦးစွာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်က သတ်မှတ်နေရာတွင် စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် အတူတကွ စိုက်ပျိုးခဲ့ကြသည်။
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်နှင့် သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်အထောက်အကူပြုရန်၊ သစ်တောသယံဇာတများရေရှည် တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့သည် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရပင်များကို တပျော်တပါးစိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယမန်နေ့ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ မယ်ဇယ်၊ သင်္ဘောတည်၊ တပေဘူတ၊ ပိတောက်၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ကုက္ကိုပင်၊ မယ်ဇလီ၊ တမာ၊ ယင်းမာ၊ မန်ကျည်း၊ ခရေ စသည့် သစ်မျိုး ၁၃ မျိုး၊ စုစုပေါင်း ၅၅၂ ပင်အား စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်