မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်အတွင်းရှိ သံဃာတော်များအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

မဟာအောင်မြေ ဇွန် ၁၆

မန္တ​လေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ယမန်နေ့နံနက် (၁၀)နာရီက မစိုးရိမ်ကျောင်းတိုက်အတွင်း သံဃာတော်များအား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံမှုကို မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံဦးစီးသော သူနာပြုဆရာမများက မစိုးရိမ်ကျောင်းတိုက်အတွင်း သတင်းသုံး​တော်မူ​သော စာသင်သံဃာတော် အပါး (၂၀၀၀)ကျော်တို့အား Covid-19 Pfizer အမျိုးအစား ကာကွယ်ဆေးကို (၂)ရက်တာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း