လားရှိုးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးပညာရည်ချွန်ဆုပေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး ပညာရည်ချွန်ဆုပေးပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ယင်းမာပင်မြို့တွင် ဒေသခံပြည်သူများအား စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆီစက်လုပ်ငန်းလုပ်ငန်းရှင်များက ယမန်နေ့၊ နံနက် (၁၀)နာရီက မဟာဇောတိကာရာမကျောင်းတိုက်ရှေ့တွင် ဒေသခံပြည်သူတစ်ဦးလျှင် စားသုံးဆီ(၅၀)ကျပ်သားကို (၂၈၀၀)နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများရှင်းလင်းပွဲကျင်းပ

မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးမှကြီးမှူးကျင်းပသော  စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ခေတ်မီစံပြကျေးရွာရှိဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းတယမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ပေါ်ကြီးကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ငရုတ်ကောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ငရုတ်ကောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ် လူရွယ်များအသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍  ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁)နာရီက ငရုတ်ကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ငွေဆောင်ဟိုတယ်ဇုန်(ဟိုတယ်ဆိုင်ရာ) ဝန်ဆောင်မှု သင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး(ပုသိမ်)နှင့် မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)တို့၏ ပူးပေါင်းစီစဥ်မှုဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်မည့်ငွေဆောင်ဟိုတယ်ဇုန် (ဟိုတယ်ဆိုင်ရာ) ဝန်ဆောင်မှုသင်တန်း Service Quality Management & Customer Service Training သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ငွေဆောင်ကမ်းခြေ Hotel @ the sea ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ် ဖွံ့ဖြိုး​တိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် တရားဥပ​ဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်ခန့်က ကိုင်းဝိုင်းအုပ်စု၊ ဝိသုဒ္ဒါရာမဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတခရိုင်/ မြန်အောင်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပါတီအင်းအင်အား ပူးပေါင်းစိစစ်ခြင်းနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်အတွင်း လုပ်ငန်းစီမံကိန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေများအား စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လုပ်ငန်းများတိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကဏ္ဍအလိုက်လုပ်ငန်းများတိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း အရှိန်အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်ခရီးစဉ်ဒေသအား ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကော့ဝါးဆူးကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင်မဟာဆဒ္ဒန်လိုဏ်ဂူတော် ခရီးစဉ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to