၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်း
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပြည်သူများစိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လူထုအသိပညာပေး Bill board စိုက်ထူခြင်း အခမ်းအနားများကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့များ၌ ဇွန်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် တပြိုင်နက်တည်းကျင်းပပြုလုပ်ခဲ့ရာ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။