သံတွဲ ဇွန် ၁၆
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ထိုသို့(၂၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများတွင် “မူးယစ်ရန်စွယ် အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”, “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး” မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်ရှားကြ”, “မူးယစ်အသွယ်သွယ်အန္တရာယ်” စသည့် ခေါင်းစဉ်အသီးသီးဖြင့် ကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းအဆင့်၌ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၆) ဦး၊ အခြေခံပညာအလယ်တန်းအဆင့်၌ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့မှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနက တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)