တောင်ဥက္ကလာပ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အများပြည်သူ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးနှင့် သစ္စာလမ်းမကြီး လမ်းဆုံမီးပွိုင့်အနီးနေရာ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကောက်ယူမည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လူထုအသိပညာပေး လုပ်ငန်းဖြစ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် လူတိုင်းပါဝင်စို့ Bill Board မြေစိုက်ပိုစတာ စိုက်ထူကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းမြတ်နှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ဥက္ကလာပ မြို့နယ်ရုံးဦးစီးမှူး ဦးအောင်ကိုဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO အဖွဲ့အစည်းများ တက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူအားလုံးပါဝင်လို့ သန်ခေါင်စာရင်းကောက်ကြစို့ လက်ကမ်းစာစောင်များကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများက သန်းခေါင်စာရင်း ကောက်ယူခြင်းအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများထံ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)