ပုဇွန်တောင် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ဈေး၌ စားအုန်းဆီများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုဇွန်တောင်ဈေး တာဝန်ခံများ ပူးပေါင်း၍ စားအုန်းဆီ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပုဇွန်တောင်ဈေးတာဝန်ခံများ ပူးပေါင်း၍ စားအုန်းဆီ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းတင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပုံမှန်ဈေးနှုန်းထက်ပို၍ ဈေးနှုန်းတင်ရောင်းချခြင်းများ မပြုလုပ်ကြရန် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်