၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား ကျင်းပ

ကျောက်ဆည် ဇွန် ၁၈

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့ (World Day to Combat Desertification and Drought) အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ မြင်စိုင်းကျေးရွာအနီး၊ မြို့ရှောင်လမ်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအတူတကွ

စုပေါင်းစိုက်ပျိုးကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က သတ်မှတ်နေရာတွင် အထိမ်းအမှတ် ယင်းမာပျိုးပင်အား စတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက သတ်မှတ်နေရာ အသီးသီးတွင် အတူတကွ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

၂၀၂၄ ခုနှစ် ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ဆောင်ပုဒ်မှာ “ကျွန်ုပ်တို့၏ အမွေအနှစ်၊ ကျွန်ုပ်တို့၏ အနာဂတ်ဖြစ်သော ကမ္ဘာမြေကို ဝိုင်းဝန်းစောင့်ရှောက်ကြပါစို့” ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အရိပ်ရပင်များဖြစ်သည့် ပျဉ်းမ၊ သျှစ်ရှား၊ ကျွန်း၊ ပိတောက်၊ ခရေ၊ စိန်ပန်း၊ မဲဇလီ၊ တမာ၊ ရေတမာ၊ သပြေဘူတ၊ သင်္ဘောကုက္ကို၊ ငုရွှေဝါ  စသည့် သစ်မျိုး (၁၂) မျိုး၊ စုစုပေါင်း (၅၇၆) ပင်  တပျော်တပါး စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှ အားပေးခဲ့ကြကြောင်း  သိရသည်။

ခရိုင်(ပြန်ဆက်)