လူငယ်၊ လူရွယ်များ ဗလငါးတန် တိုးပွား‌စေရန်အတွက် ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန် တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကို  ယမန်နေ့ မွန်းလွဲပိုင်း (၁) နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ တာဘောင်လမ်း(ကိုယ်ထူကိုယ်ထ)ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေအား တာဝန်ရှိသူများက မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ တာဘောင်လမ်း (ကိုယ်ထူကိုယ်ထ)ကျောက်ကြမ်းလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ယမန်နေ့ညနေပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)နှင့်အဖွဲ့ဝင်များက မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကြံခင်းမြို့နယ်(အ.လ.က) စပါးအိုးကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက (အ.လ.က) စပါးအိုးကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။

လှည်းကူးမြို့နယ် သာယာကုန်းကျေးရွာတွင် မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက (ကရင်မထိပ်ဆောင်းမျိုး) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြ စိုက်ပျိုးပွဲကျင်းပခြင်းကို သာယာကုန်းကျေးရွာ ကွင်းအမှတ် (၉၈၅-B)၊ ဦးပိုင်အမှတ်(၂၂/က) တောင်သူ ဒေါ်လီလီစမ်း၏ လယ်မြေ (၃.၀၀) ဧကပေါ်တွင် ကျင်းပပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ Pathein Smart Goal Badminton Club နှင့် VS Myanmar Co.Ltd တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယခုလ (၁၆) ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် သဘာဝရေပြင် ဇီးဖြူကုန်းချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား တွံတေးမြို့နယ်၌ ကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ ရန်ကုန်တိုင်းးဒေသကြီး၊ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(တွံတေး)တွင် ငါးသယံဇာတထိန်းသိမ်းခြင်းဖြင့် စဥ်ဆက်မပြတ် ငါးလုပ်ငန်းဖွံဖြိုးတိုးတက်စေရန်၊ ဒေသခံပြည်သူများ ငါးရိက္ခာ ဖူလုံစေရန်နှင့် လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စုရှိ ဇီးဖြူကုန်းချောင်း သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါ ငါးသိပ္ပံဝင်းအတွင်းရှိ သဘာဝရေပြင် ဇီးဖြူကုန်းချောင်းနံဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် သန်လျင်ခရိုင်၌ ဖွင့်လှစ်

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လူထုအသိပညာပေး ဆိုင်းဘုတ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့၌ ကျင်းပသည်။

ငွေဆောင်မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး Abate (အဘိတ်) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ မြို့အတွင်းရှိ ​ဌာနဆိုင်ရာရုံးများ၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး ပိုစတာစိုက်ထူပွဲ ကျင်းပ

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့'' ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်စည်ပင်သာယာဈေးအရှေ့ မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ကျင်းပသည်။

ပင်လုံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန "သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)" သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန "သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Subscribe to