ပန်းတနော် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင်ဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို ဖတ်ရှုလေ့လာခြင်းဖြင့် မိမိတို့၏အတွေးအခေါ် ၊ ဥာဏ်ပညာ၊ အသိပညာ၊ အတက်ပညာများဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်းစသည့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုးမင်းချစ်က အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခန္ဓာကြီးထွားသန်မာစေကာ ဉာဏ်ရည်မြင့်မားခြင်း၊ မိတ်ဆွေပေါများခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုမြင့်မားခြင်း၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တက်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း၊ အားကစားဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကာ အ.ထ.က(၂)ကျောင်းသို့ အားကစားပစ္စည်းများ၊ စာအုပ်စာစောင်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)