တောင်ကုတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဦးဥတ္တမ မင်္ဂလာကန်တော်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၌ စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးရေး ဆွေးနွေးကြီးကြပ် ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချေပေးရေးအတွက် ဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပြင်ဦးလွင်မြို့နယ်တွင် ရှေးဦးသူနာပြုစုခြင်း အခြေခံ(မွမ်းမံ)သင်တန်း (၁၉/၂၀၂၄)ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)တို့ ပူးပေါင်း၍ ကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း အ‌ခြေခံ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁၉/၂၀၂၄)ကို ယနေ့နံနက်(၉)နာရီအချိန်က အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟော‌ပြောပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်တာဝန်ရှိသူများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

လယ်ဝေးမြို့နယ်၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်တွေ့ကွင်းဆင်းခြင်းများ ဆောင်ရွက်

နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လယ်ဝေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ယမန်နေ့နံနက် ၉ နာရီတွင် လယ်ဝေးမြို့ ဖောင်တော်ချက်မဘုရားတန်ဆောင်း၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ ရိုးရာဓလေ့(လွယ်ဝေါ်ကျောက်တောင်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နမ့်လွတ်ကျေးရွာအုပ်စုအရှေ့ဘက်ရှိ ဂေါ်ဒန်ကျောက်တောင်(လွယ်ဝေါ်ကျောက်တောင်နတ်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်း ဂေါ်ဒန်ကျောက်နတ်စင်တွင် နှစ်စဉ်နယုန်လပြည့်နေ့ရောက်တိုင်း တစ်နှစ်တစ်ကြိမ် ကျောက်တောင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရွာသီတိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်း သူများ တက်ရောက်ကြသည်။

မအူပင်တက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(ဘားအံ)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ နည်းပညာတက္ကသိုလ်(ဘားအံ)၌ ယာဉ်မတော်တဆဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဆုံးရှုံးမှု၊ လူမှုဘဝဆုံးရှုံးမှုများ လျော့နည်းစေရေးနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ သိရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉:၀၀)နာရီက နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်နှင့် ဌာနမှူးများ ၊ ဆရာ / ဆရာမများ၊ ကျောင်းသား /ကျောင်းသူများ ၊ စုစုပေါင်း (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

တာချီလိတ်မြို့၌ မြို့တွင်းရပ်ကွက်လမ်းများ ခင်းကျင်းနေမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းရပ်ကွက်လမ်းများ တိုးတက်ကောင်းမွန်စေရန် ကွန်ကရစ်လမ်းခင်းကျင်းနေမှုများကို ဇွန်လ ၂၀ ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to