ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး Bill Board စိုက်ထူပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လူထုအသိပညာပေး Bill Board စိုက်ထူပွဲအခမ်းအနားကို ဗန်းမော်မြို့ သာစည်ရပ်ကွက်၊ ဗန်းမော်-မံစီသွားကားလမ်းမဘေး မီးပွိုင့်လမ်းဆုံနေရာ၌ ဇွန် ၂၀ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် Wisdom Hill ကိုယ်ပိုင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဉာဏ်ပညာ ဗဟုသုတတိုးပွားပြီး ဗလငါးတန်နှင့် ပြည့်စုံရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီ လူငယ်ရေးရာကော်မတီမှကြီးမှူး၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက Wisdom Hill ကိုယ်ပိုင်ကျောင်း၌ ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့(မဟာသမယအခါတော်နေ့)အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့နယ်၌ ရာသီဥတုညွှန်းကိန်းသီးနှံ အာမခံအကြောင်း အသိပညာ‌ပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြန်မာ့အာမခံလုပ်ငန်း(ရမည်းသင်း)နှင့် ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်တို့ပူးပေါင်း၍ ရာသီဥတုညွှန်းကိန်းသီးနှံ အာမခံအကြောင်း အသိပညာပေးဟောပြောပွဲနှင့် သီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် ၁၀ နာရီက ရမည်းသင်းခရိုင် မြန်မာ့လယ်ယာဖွံဖြိုရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ‌သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်း(သော်က)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုက‌လေးမြို့နယ်၌ တာဝတိံသာစေတီတော်သစ်ကြီး ပြန်လည်တည်ထားကိုးကွယ်ရန် (၁၂)ကြိမ်မြောက် အလှူငွေပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေအောင်စကြာ စေတီတော်ဝန်းအတွင်းမှ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တာဝတိံသာစေတီ‌တော်မြတ်ကြီးသည် ၁၉၇၃ ခုနှစ်တွင်လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ၂၀၂၂ ခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက် ၂ နာရီခွဲအချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်း ပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
Subscribe to