ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်သို့ တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆင်ပေါင်ဝဲမြို့နယ် ကျေးရွာအုပ်စုများအား မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေ ဆက်လက်ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန် မအူပင်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်ယဉ်ယဉ်ဟန်သည် တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်ထွေးထွေး၊ မအူပင်ခရိုင်တရားသူကြီး ဒေါ်အေးအေးမြင့်တို့နှင့်အတူ ဇွန် ၂၁ ရက်က မအူပင် အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ညောင်လေးပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉ နာရီအချိန်မှာ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အခြေခံအပင်တစ်သျှုး မျိုးပွားနည်း (၂/၂၀၂၄)သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်ခဲ့သည့် အခြေခံအပင်တစ်သျှူးမျိုးပွားနည်း(၂/၂၀၂၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to