ပြင်ဦးလွင် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)တို့ ပူးပေါင်း၍ ကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း အခြေခံ(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁၉/၂၀၂၄)ကို ယနေ့နံနက်(၉)နာရီအချိန်က အစိုးရစက်မှုလက်မှု သိပ္ပံ(ပြင်ဦးလွင်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာအစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာကြူကြူဆွေနှင့် ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်သူလင်းတို့မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးရွှေအောင်သင်းမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသညိ။
အဆိုပါကြက်ခြေနီအခြေခံရှေးဦးသူနာပြုစုခြင်း အခြေခံ(မွမ်းမံ)သင်တန်း အမှတ်စဥ် (၁၉/၂၀၂၄)ကို ဇွန်လ(၂၁)ရက်မှ(၂၃)ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံသင်တန်းသား/သင်တန်းသူ(၃၀)ဦး၊ မွမ်းမံသင်တန်းသား/သင်တန်းသူ(၃၆)ဦး စုစုပေါင်း(၆၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သွေးသွေး(ခရိုင်/ပြန်ဆက်)