ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲ ၁နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။