ဇေယျာသီရိမြို့နယ်၌ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အဆောက်အဦတချို့ပျက်စီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃)ရပ်ကွက်၊ နှင်းဆီလမ်းရှိ လူနေအိမ်များသို့ သွားရောက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မကွေးမြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနေမှု မှတ်တမ်းဓာတ်ပုံများ

မကွေးမကွေးမြို့ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်  ကျင်းပနေမှု မှတ်တမ်းဓာတ်ပုံများ မကွေး ဇွန် ၂၃ မောင်မောင် (မင်းဘူး)

မင်းလှမြို့တွင် ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်းတိုက်၌  ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို  ယနေ့နံနက် ၈ နာရီချိန်က ကျင်းပခဲ့သည်။

မြောင်းမြမြို့ ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ဈေးကွက်အတွင်း ဆေးဝါးရောင်းချမှုအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့မှ ဒေသနေပြည်သူများ ဆေးဝါးများအား မှန်ကန်သောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်ပြီး ဈေးကွက်အတွင်း ဆေးဝါးရောင်းချခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ဆေးဆိုင် (၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးကြသည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်မျိုးစုံ စိုက်ခင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မယားမာန်ကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်မျိုးစုံ စိုက်ခင်းစိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

အုတ်ဖိုမြို့တွင် (၄၀) ကြိမ်မြောက် မြို့နယ်အဆင့် ယဉ်ကျေးမှုစာအောင်ဆုရသူများအား အထူးဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် (၄၀) ကြိမ်မြောက် မြို့နယ်အဆင့် ယဉ်ကျေးမှုစာအောင်ဆုရသူများအား အထူးဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို မြို့လယ်ဓမ္မာရုံ သာသနာ့ဘိမ္မာန်တော်ကြီးတွင် ယနေ့ နံနက် ၈ နာရီအချိန်က ကျင်းပသည်။

သံဖြူဇရပ်မြိုနယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to