သာပေါင်းမြို့နယ်၌ စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးရေး ဆွေးနွေးကြီးကြပ် ဆောင်ရွက်

သာပေါင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စားသုံးဆီ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချေပေးရေးအတွက် ဆွေးနွေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရဲဇော်လင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးထွန်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်တို့နှင့်တွေ့ဆုံပြီး စားသုံးဆီသတ်မှတ်ရည်ညွန်းစျေးနှင့်ရောင်းချပေးရေး၊ ရုံးပိတ်ရက်မှအပ နေ့စဥ်ရရှိသည့် ခွဲတမ်းအရေအတွက် (၁၅)ပေပါအား စနစ်တကျဖြန့်ဝေရောင်းချရေး ဆွေးနွေးမှာကြားပြီး မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ၂၃-၆-၂၀၂၄ ရက်နေ့တွင် အမှတ်(၁)ရပ်ကွက် အိမ်ထောင်စု(၆၃၀)၊ အမှတ်(၂)ရပ်ကွက် အိမ်ထောင်စု (၈၀၀)၊ လှေကြီးတက်ကျေးရွာအုပ်စု အိမ်ထောင်စု (၆၆၀)၊ ၂၆-၆-၂၀၂၄ ရက်နေ့တွင် အမှတ်(၃)ရပ်ကွက် အိမ်ထောင်စု (၅၅၀)တို့အား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဖြန့်ဖြူးရောင်းချပေးရန် စီစဥ်ထားရှိကြောင်း တင်ပြရာ စားသုံးဆီရောင်းချမှုနှင့်ပတ်သက်၍ စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးဇော်သိန်း