မိုင်းခတ်မြို့၌ ထင်းအစားထိုးနှင့် အရိပ်ရပျိုးပင်များ ပျိုးထောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ ထင်းအစားထိုးနှင့် အရိပ်ရပျိုးပင်များကို မိုင်းခတ်မြို့နယ် သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် သီးနှံမျိုးစေ့ချ ကိရိယာဖြင့် မြေပဲ (၂) ဧကအား မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

စက်မှုလယ်ယာဦးစီးဌာနမှ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လျက်ရှိရာ တိုင်းသူများ စိုက်ပျိုးသောဿီးနှံများ၏ အထွက်နှုန်း တိုးတက်ရေး သိပ္ပံနည်းကျ စိုက်ပျိုးသည့် နည်းစနစ်များ လိုက်နာကျင့်သုံးနိုင်ရေး ဝင်ငွေတိုးပွားစေရေးအတွက် သီးထပ်၊ သီးညှပ်များ တိုးချဲ့စိုက်ပျိုးရေး နည်းပညာများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၉၉) စက်မှုလယ်ယာစခန်းမှ ဦးဆောင်ကျင်းပသော ညောင်ဦးမြို့နယ်၊ အပူပိုင်းဒေသ သုတေသနခြံ မြေဧရိယာ (၂) ဧကအတွင်း သီးနှံမျိုးစေ့ချကိရိယာဖြင့် မြေပဲမျိုး စေ့စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို လစဥ် ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်စတင်၍ စနစ်တကျထုတ်ပေးလျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများက စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလယ်တန်း၊ အထက်တန်းအဆင့် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လည်(၁)နာရီက ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး "လူငယ်စကားဝိုင်း" ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီကအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to