ဟိုမိန်းမြို့၌ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်နှင့်အညီ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈:၃၀ နာရီက မြို့မဈေးအတွင်း၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် ဈေးဆိုင်များသို့ ဖြန့်ဝေပေးခဲ့သည်။

ရပ်စောက်၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ဗထူးတပ်နယ် မွေးမြူရေးတပ်ရှေ့ ငါးပင်ကျေးရွာလမ်းခွဲအတွင်း၌ ကျင်းပခဲ့သည်။

လားရှိုးမြို့တွင် MPT ၏ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု သစ်ပင်စိုက်ပွဲ ကျင်းပ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်အရ နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ထင်းရှူးတောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း သတင်းအတု၊ သတင်းအမှားများ ဂရုပြုရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မှုခင်းများလျော့နည်းကျဆင်းရေးအတွက် ရဲတပ်ဖွဲ့မှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က နန်းခဲရပ်ကွက်ရှိ အ.မ.က(ဘူတာ)ကျောင်း၌ ပြည်သူများအား သတင်းတုသတင်းအမှားများ ဂရုပြုနိုင်ကြရေး အသိပညာပေး ဟောပြောခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.ထ.က(ခွဲ၊လ-၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)ရှိ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)မှ သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီက တာခွကျေးရွာအုပ်စု ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းဝန်း၌ ကျင်းပခဲ့သည်။

မိုင်းရှူးမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေး ပိုစတာစိုက်ထူပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး‌ရှေ့၌ ၂၀၂၄ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်(၈)နာရီက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဘေးသဏ္ဍာန်တူ ဇတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရေဘေးသဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားဓမ္မာရုံနှင့် ဧရာဝတီမြစ်ကမ်းဘေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တော ဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်းလန်းစိုပြေရေးကို အထောက်အကူပြု သလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီခွဲက လယ်မကျေးရွာအုပ်စု၊ ရွှေခြံရတနာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to