တောင်ကုတ် ဇွန် ၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဦးဥတ္တမ မင်္ဂလာကန်တော်အနီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်းကောက်ကြစို့" လှုံ့ဆော်ရေးအသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် တာ၀န်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ၀န်ထမ်းများက ဖြန့်ဝေပေးကြသည်။
အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)