စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာတက္ကသိုလ်၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်

မုံရွာ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရွာသီတိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝန်းအတွင်းကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်း သူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ မုံရွာတက္ကသိုလ် ခေတ္တပါမောက္ခချုပ် စိုက်ပျိုးမည့် ပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌထံ စိုက်ပျိုးမည့် ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်မှ တိုင်းဒေသကြီးစာရင်းစစ်ရုံး ညွှန်ကြားရေးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးမှ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးမှူးထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ မုံရွာတက္ကသိုလ် ကျောင်းသား/သူ ၂ ဦးထံ စိုက်ပျိုးမည့်ပျိုးပင်အားလည်းကောင်း အသီးသီးပေးအပ်ကြသည်။  

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန်ဂျန်ရှားပျိုးပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများမှ သတ်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင် ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၏ နေအိမ်များတွင် စိုက်ပျိုးနိုင်ရန်အတွက် အရိပ်ရပျိုးပင် ၅၀၀ အား အခမဲ့ ဖြန့်ဝေနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီတိုင်းဒေသကြီးအဆင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ တမာ၊ ဝါး၊  ကုက္ကိုလ်၊ သဘောၤကုက္ကိုလ်၊ ပိတောက်၊ ပဲချယ်ရီ၊ မန်ဂျန်ရှား၊ မန်ကျီး၊ ဖျောက်စေ့၊ မယ်ဇယ်၊ ကျွန်း သစ်မျိုး ၁၁ မျိုး စုစုပေါင်းပျိုးပင်ပေါင်း ၁၀၀၀ ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)