ငဖဲမြို့နယ်တွင် စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ကျေးရွာများအရောက် ဆက်လက် ရောင်းချပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာ ငွေကျပ် ၅၀၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်၍  ငဖဲမြို့နယ်အတွင်းရှိ ပန်းထိန်းကျေးရွာအုပ်စု၊ ပေါင်းကလေးကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာအုပ်စုနှင့် မန်းတမံမှ  ပြည်သူများအား  စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့်  ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဝဲယာ (၂၁)ဌာနသို့ ဒေသစာရီကြွချီ ပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ် (၄)ဆူ အင်းလေးဒေသ ဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပင့်ဆောင်ပွဲ မင်္ဂလာအခမ်းအနား ပထမပိုင်းကို ယနေ့နံနက် (၄)နာရီက ရုပ်ရှင်တော်မြတ်များ ထာဝရသီတင်းသုံး စံပယ်တော်မူရာ နမ့်ဟူးစံကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေကြီးနစ်မြှုပ်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယနေ့နံနက်ပိုင်းက ရေကြီးနစ်မြှုပ်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။

ဟိုပန်ခရိုင် Community Centre တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နေ့လည် ၁ နာရီအချိန်က စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ပါသည်။

နောင်ချိုမြို့နယ် အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား အာဟာရ နွားနို့နှင့်ကြက်ဥတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား အာဟာရအဖြစ် နွားနို့နှင့်ကြက်ဥများ တိုက်ကျွေးပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၃ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မှော်ဝန်းရတနာခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

သာကေတမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူဝါသနာရှင်များ ပူးပေါင်းကာ ယနေ့နေ့လယ် (၁၂)နာရီခွဲအချိန်၌ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ လူငယ်နှင့်ပညာရပ်ဆိုင်ရာစာစု စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။
Subscribe to