လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်း ကျောင်းတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စာကြည့်တိုက်ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်အား  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ထားရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အခြေခံပညာစာသင်ကျောင်း (၂) ကျောင်းတွင် မြစ်ရေများ ဝင်ရောက်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းကစပြီး ယာယီပိတ်ထားခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တာလေမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်ကန်မြို့ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့၊ မန်ပန်ကျေးရွာ (အ.မ.က) ကျောင်းတွင် ဇူလိုင် (၁၉) ရက်နေ့တွင်ကျရောက်မည့် အာဇာနည်နေ့ကို အောင့်မေ့သတိရသောအားဖြင့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မန်ပန် (အ.မ.က) တွင် ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပုဂ္ဂလိကကျန်းမာရေးကဏ္ဍမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၉) ရက်က ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

အသုတ်(မြို့မ)ဈေးအတွင်း ဆန်နှင့်စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့ (မြို့မ)ဈေးအတွင်း ဆန်နှင့် စားအုန်းဆီများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရေကြည်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ တာဝန်ရှိသူများက ဆန်နှင့်စားအုန်းဆီ လက်လီလက်ကားရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေးသည်။

သမဝါယမကောလိပ်(မန္တလေး) နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သမဝါယမကောလိပ် (မန္တလေး)၏ နှစ်(၃၀)ပြည့် ပုလဲရတု အထိမ်းအမှတ် စာမူရှင်များအား ဂုဏ်ပြုပွဲကျင်းပခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကောလိပ်စာကြည့်တိုက်၌ ကျင်းပသည်။

မြစ်ရေဝင်ကျေးရွာများရှိ တိရစ္ဆာန်များအား ကာကွယ်ဆေးများ အခမဲ့ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ကျေးရွာအချို့တွင် မြစ်ရေများ ဝင်ရောက်လျက်ရှိရာ ရေဝင်ဒေသရှိ တိရစ္ဆာန်များကို အမရပူရမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့က ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ စည်ပင်သာယာရေးဌာနမှ​ ဆောင်ရွက်သည့် ​ဒေသဖွံ့ဖြိုး​ရေးလုပ်ငန်းများအား ကြည့်ရှုစစ်​ဆေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနခွဲ ကျိုင်းတုံမှ ဌာနခွဲတာဝန်ခံ ဦးစိုးနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ယမန်​နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်သည့် ​ရပ်ကွက်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ​ဆောင်ရွက်ပြီးစီးမှု အ​ခြေအ​နေများ ကွင်းဆင်းကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။
Subscribe to