ရတနာပုံတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား) ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများအလိုက် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် ဒုတိယကျောင်းအုပ်ကြီးများ၊ အားကစားဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးကြသည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် (၇၇)နှစ်မြောက် မြို့နယ်အဆင့်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄ခုနှစ် (၇၇)နှစ်မြောက် မြို့နယ်အဆင့် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ဗန္ဓုလအဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။  

သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တော်ပေါ်မြို့ဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်းပေါက်ရောက်ရှင်သန်ကြသည်။ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထပေါက်သည့် သံတောင်ကြီးဒေသထွက် ရာသီစာမျှစ်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိသည့်အတွက်  ဒေသခံပြည်သူများ လိုက်လံချိူးယူရောင်းချလျက်ရှိကြောင်း သိရသည်။

မန်ကန်မြို့၌ တစ်ပိုင်တစ်နိုင် ပဲတောင့်ရှည်စိုက်ပျိုးသူများ မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များ အောင်မြင်ဖြစ်ထွန်းသဖြင့် မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး‌ ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ (က)ရပ်ကွက်၊ အောင်တံခွန်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

သစ်တောသစ်ပင်များ အလွန်အကျွံခုတ်ခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများ၊ နောက်ဆက်တွဲပြဿနာများအကြောင်းကို ဒေသနေပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ သိရှိစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ယနေ့နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်အချိန်က အ.ထ.က (ခိုလမ်)ကျောင်းရှိ မြတ်ရတာနာခန်းမတွင် ကျင်းပခဲ့သည်။

ဟင်္သာတခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောင်းသား/သူများ အကြား  ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျ ခွဲခြား စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဘေးချောင်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က (ဘေးချောင်) ၌  ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ကျောင်းသား/သူများအကြား  ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တိုးပွားလာစေရန်နှင့် စွန့်ပစ်အမှိုက်များ စနစ်တကျခွဲခြား စွန့်ပစ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းမြို့တွင် သီးနှံအခြေခံ ယို၊ ဖျော်ရည်မျိုးစုံ ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် သီးနှံအခြေခံ ယို၊ ဖျော်ရည် မျိုးစုံ ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ဇူလိုင် (၁၀) ရက်၊ နံနက် (၁၀) နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မချမ်းဘောမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်လာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) နမ်ခမ်ကျောင်း၌ကျင်းပခဲ့သည်။
Subscribe to