ငရုတ်ကောင်းမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက်ပိုင်းက(အ.ထ.က) ငရုတ်ကောင်းကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ အမှတ် (၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်ဆိုင်ရာ သိကောင်းစရာများနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

စစ်ကိုင်းမြို့တွင် ရေသယံဇာတအကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ရေသယံဇာတအကြောင်း ပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ် သည်။

ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားသည်နှင့်အညီ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာစာကြည့်တိုက်များ၏ လိုအပ်ချက်များကို ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ပေးနိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင် စာရေးဆရာ ကိုရွှေအောင်သင်း ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့  အောင်ချမ်းသာကျေးရွာအုပ်စုရှိ စိုးစံပြည်သူ့စာကြည့်တိုက်၊ ဝါးပိုးရေကျေးရွာရှိ အာရှအလင်းရောင်စာကြည့်တိုက်၊ ဓားသွေးကျောက်ကျေးရွာရှိ အောင်ပန်းတိုင်စာကြည့်တိုက်များသို့ ယနေ့မွန်းလွဲပိုင်းက သွားရောက်ကွင်းဆင်းကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ အပါအဝင် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ငွေဆောင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အဆင့်ဌာနဆိုင် ရာများမှ ယမန်နေ့နံနက်( ၈း၀၀) နာရီ မှစတင်၍ မြို့အတွင်းရှိ အသုပ်ဆိုင်များနှင့် ကျောင်းမုန့်စျေးတန်းများအား ကျန်းမာရေးအသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။  

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် Women Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာဒေါက်တာ စိုးလွင် ၏ “ပွင့်သောပန်းတိုင်းလှစေချင်နှင့် အမျိုးသမီးကျန်းမာရေးပြဿနာ အဖြာဖြာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီတွင် ကျင်းပသည်။

ငွေဆောင်မြို့တွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက အမှတ်(၂) ရပ်ကွက်၊ မရမ်းကုန်းဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်နည်းပညာတက္ကသိုလ်၏ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ နေပြည်တော်နည်းပညာ တက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် (ဘွဲ့ကြို) နှင့် ဒုတိယနှစ် (ဘွဲ့ကြို)၊ အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် မိုးရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်နည်းပညာတက္ကသိုလ်၊ ဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း  အသိပညာပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက  အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to